သတင်းများ

စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာငှားဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်
May 12,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဒေသတွင်းရှိ စာဖတ်ဝါသနာရှင်များ စာပေဖတ်ရှုခြင်း ပိုမိုကောင်းမွန်လာစေရေး နယ်လှည့်စာငှား ဝန်ဆောင်းမှုစနစ်ကို ယနေ့ နံနက် ၁၁ နာရီအချိန်က ချီဖွေမြို့မြန်မာ့ စီးပွားရေးဘဏ် ဝန်ထမ်းများထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်တွင် ဒေါ်ပိုက်မိခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲ‌တော်ကျင်းပ
May 12,2022
ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၀၃)ကြိမ်မြောက် ကဆုန်‌ညောင်ရေသွန်းပွဲတော်ကို အခမ်းအနားအစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မဟာမြတ်မုနိဘုရား ရောင်တော်ဖွင့်ပွဲနှင့် ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားတက်ရောက်
May 12,2022
၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့် မဟာမြတ်မုနိ ဘုရားကြီး သွန်းလောင်းတော်မူသော (၁၁၈) နှစ်မြောက် ရက်မြတ်မင်္ဂလာ ရောင်တော်ဖွင့် ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူ
May 12,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် သံဃာတော် (၁၀၈) ပါးအား အာရုဏ်ဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက် (၆) နာရီ အချိန်က မင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) သံဃဒါနဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ညောင်ရေများ သွန်းလောင်းပွဲများကျင်းပ
May 12,2022
သာသနာတော်နှစ် ၂၅၆၅ နှစ် ပြည့်မြောက်ပြီး ၂၅၆၆ နှစ်သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ/ သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ မန္တလေးတိုင်း‌‌ဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့်  သံဃာတော် (၁ဝ၈)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနား ကို ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့ နံနက်(၅) နာရီခွဲအချိန်က မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား သံဃာ့ဒါနဆွမ်းသပိတ် လောင်းလှူပွဲကျင်းပ
May 12,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုအတွင်းရှိ သက္ကရာဇ် (၉၆၄)ခုနှစ် ညောင်ရမ်းမင်းတရာကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာမြတ်မုနီ ဘုရားခေါ်စန္ဒာမုနိ ဘုရားကြီး၏  ဆရာတော်သံဃာတော်(၁၀၈)ပါး သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲကို ယနေ့ နံနက်(၆)နာရီက အဆိုပါဘုရား၏ အနောက်ဘက် အာရုံခံစောင်းတန်းအတွင်း၌ ကျင်းပကြသည်။
ရပ်စောက်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိအမြင် ဗဟုသုတတိုးပွားစေရေး စာဖတ်ဝိုင်းပြုလုပ်
May 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား လူငယ်များ အသိအမြင် ဗဟုသုတတိုးပွားစေရေးအတွက် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်သူတို့ရဲ့ အပြုအမူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။