မင်းလှမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

အထက်မင်းလှ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများဆိုင်ရာစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရုံးရပ်မြောက်ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာ‌ရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ အမျိုးသမီးများဆိုင်ရာ အသိပညာပေးနှင့် အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာများအား ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ကိုဗစ်-၁၉ရာဂါ၏ နောက်ဆက်တွဲ‌ ရောဂါလက္ခဏာများနှင့်အစားအစာများမှ ဖြစ်ပွားစေတတ်သော ရောဂါများအကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်မှ ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲ ရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသူ(၂)ဦးအား တစ်ဦးလျှင်အလှူငွေကျပ်(၅၀၀၀ဝိ/-) စီထောက်ပံ့ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား ကယ်စီယမ်ကွေကာ ပါကင်ထုပ်(၁)ထုပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)