လင်းခေး ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့တွင်(၄၆)ကြိမ်မြောက် မဟာပဌာန်းတရားရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်၈ နာရီက လင်းခေးမြို့ မဟာမြတ်မုနိဘုရားကျောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဌာန်းရွတ်ဖတ်ပူဇော်ပွဲမကျင်းပမီ အခမ်းအနားသို့တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါသည်။ ယင်းနောက်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဥူး ဝိစိတ္တသာရက ဩဝါဒမြွက်ကြားပေးခဲ့ပြီး ပန်းဒကာဦးစိုင်းအောင်ထူး (မြို့နယ်မဟာမြတ်မုနိဂေါပကအဖွဲ့ဝင်)က ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အဖွင့်လင်္ကာအား ရွတ်ဆိုပူဇော်ပေးခဲ့ကာ ဆရာဒကာအားလုံးမှ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ဥက္ကဋ္ဌဆရာတော်က မဟာပဌာန်းတရားတော်ရွတ်ဖတ်ပွဲကို စတင်ခဲ့ပါသည်။
ဆက်လက်ပြီးနံနက်၈နာရီတွင် လင်းခေးမြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့၏ သာသနာရေးဆိုင်ရာနှစ်ပတ်လည်(သံဃာဒကာ) စုပေါင်းအစည်းအဝေးကို မြို့နယ်မဟာဝိဟာရပရိယတ္တိ စာသင်တိုက်သုံးထပ်ကျောင်းဆောင်၌ ကျင်းပခဲ့ကြသည်။
အစည်းအဝေးမစတင်မီ တက်ရောက်လာကြသူများက ဘုရားကန်တော့၊ နမောတဿသုံးကြိမ် အတူတကွရွတ်ဆို၍ အစည်းအဝေးအား ဖွင့်လှစ်လိုက်ခြင်း၊ မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်၊ မြို့သံဃာ့နာယကဆရာတော်တို့က ဩဝါဒစကားမြွက်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဝမ်ဟတ်ကျေးရွာအုပ်စု၊ လင်းခေးမြောက်ပိုင်း ကျေးရွာအုပ်စုနှင့် လင်းခေးမြို့သံဃာ့နာယကဥက္ကဌဆရာတော်များ၏ သာသရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သည်များအား အသီးသီးရှင်းလင်းလျှောက်ထား ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး အောင်မင်္ဂလာတပ်ဦးကျောင်းဆရာတော် ဥူးဇောတိကမှ မြို့နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့အသီးသီးနှင့် စပ်လျဉ်းသည့်အချက်အလက်များအား ဆွေးနွေးလျှောက်ထားပေးခြင်း၊ ဝမ်ကွန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဘိပါလကမြို့နယ်လုံးရှိ သံဃာ့နာယကအဖွဲ့များဆိုင်ရာ စည်းကမ်းချက်များအား တစ်မြို့နယ်လုံးရှိ ကျောင်းတိုက်များတူညီစွာ လိုက်နာဆောင်ရွက်ရေးအချက်အလက်များအား လည်းကောင်း၊ မြို့သံဃာ့နာယကဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ လင်းခေးကမ္မဌာန်းကျောင်းတိုက်အုပ်ဆရာတော်၊ နားကုန်းပရိယတ္တိစာသင်တိုက်ဆရာတော်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သာသနာရေးဆိုင်ရာလုပ် ငန်းအမှုဆောင်"နမ့်ခုံး"ရှမ်းများ ပရဟိအသင်း(ခွဲ)လင်းခေး/နားကုန်းမှ အဖွဲ့ဝင်များ၊ ရွှေလူငယ်နာရေးကူညီမှုနှင့် သွေးလှူရှင်အသင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတို့က ပရိယတ္တိစာသင်တိုက်လုပ်ငန်းစဥ်များနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဥ်အရပ်ရပ်ဆိုင်ရာများတို့ကိုအဖွဲ့ အလှည့်ကျအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြည့်စွက်အကြံပြုဆွေးနွေးပေးခြင်း၊ အတည်ပြုမှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီးနောက် ဆရာတော်ကြီးအား ပြန်လည်ကန်တော့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းဇော်လတ်(လင်းခေး)