ရေကြည် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာ၊ စာဂ၊ ဝိရိယကို အခြေခံ၍ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း (၁၅၂)ဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက ယခုလို မေတ္တာ၊ စာဂ၊ ဝိရိယကို အခြေခံ၍ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့့ဝန်ထမ်းများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုလိုအခမ်းအနားကို တက်ရောက်ချီးမြှင့်ရသည့်အတွက်လည်း ဂုဏ်ယူရပါတယ်ဟု အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း ခေါင်းဆောင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)