လွိုင်လင် ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကို ယမန်နေ့ နံနက် ၈ နာရီခွဲ အဆိုပါကျောင်း စုဝေးကွင်း၌ ကျင်းပသည်။
အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်း ကောင်စီအသင်း (၅)သင်းကို ဖွဲ့စည်းပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ကိုလည်း အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပြီးစီး၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ပေါ်ပေါက်ခဲ့ရာ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ယနေ့ကျင်းပရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင် ကပြောကြားသည်။
ထိုသို့ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကိုကျင်းပရာတွင် ရှေးဦးစွာ ကျောင်းသူ၊ ကျောင်းသားများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍အခမ်းအနားကို ဖွင့်လှစ်ပါသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကောင်စီ အမှုဆောင်အဖွဲ့၏ အမည်စာရင်းကိုကြေညာသည်။
ဆက်လက်၍ ကျောင်းကောင်စီအဖွဲ့မှကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများကကတိသစ္စာခံယူခြင်း၊ တာဝန်အထိမ်းအမှတ်အလံများပေးအပ်ခြင်း၊ လက်ခံရ ယူခြင်းများဆောင်ရွက်ကြပြီး ကျောင်းသူ၊ ကျောင်းသားများအားလုံးက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၃၀) ဦးပညာသင်ကြားနေကြောင်း သိရသည်။
လွိုင်လင်မိုး