ရွှေတောင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်

ရွှေတောင် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက်ပိုင်းက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ အစာ၊ အဟာရနှင့် ကူးစက်ရောဂါကင်းရှင်းမှုမှာ အဓိကအရေးကြီးသောအချက်ဖြစ်၍ ရွှေတောင်မြို့နယ်တွင် ယခုလို တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်တားဆီးရေး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်း( ၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၅-၇-၂၀၂၂) မှ (၈-၇-၂၀၂၂) ထိ (၄)ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဤသင်တန်းတွင် တိရစ္ဆာန်များတွင် ဖြစ်ပွားကျရောက်တတ်သော ကူးစက်ရောဂါအမျိုးအစားများ၊ ကူးစက်ရောဂါတစ်ခုချင်းအလိုက် ကြိုတင်ကာကွယ်တားဆီးရေး နည်းလမ်းများ၊ ကူးစက်ရောဂါ​ဖြစ်ပွါးကျရောက်ပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရောဂါဖြစ်ပွါးနေသည့် တိရစ္ဆာန်များကို ပြုစုကုသသည့် နည်းစနစ်များ၊ ဇီဝလုံခြုံရေးစနစ်များ စသည်တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)