သတင်းများ

ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အာဇာနည်​နေ့ အထိမ်းအမှတ် (အကြို) အသိပညာ​ပေး Talk Show ​ ဆောင်ရွက်
Jul 08,2022
ဇူလိုင်လ (၁၉)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​​နေ့ အထိမ်းအမှတ် (အကြို) အသိပညာ​ပေး Talk Show ​ကို ယ​နေ့ နံနက် (၁၀:၃၀) နာရီအချိန်က ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေး
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၁၈)နှစ်နှင့်အထက်ရှိ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jul 08,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၅)နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်
Jul 08,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အသက် ၁၆ နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
မိုင်းယန်းမြို့၌ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူအကျိုးပြု နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မွန်ကဲရပ်ကွက် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံ
Jul 08,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ  ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ