မိုင်းယန်း ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပြည်သူအကျိုးပြု နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက မွန်ကဲရပ်ကွက် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျောင်းသား/ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို အစဉ်မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ် လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အာဇာနည် ခေါင်းဆောင်ကြီး များ၏ အတ္ထုပ္ပတ္တိအကျဉ်း မှတ်တမ်းဓာတ်ပုံနှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ” အသိပညာပေး နံရံကပ်စာစောင်အား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး