ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အာဇာနည်​နေ့ အထိမ်းအမှတ် (အကြို) အသိပညာ​ပေး Talk Show ​ ဆောင်ရွက်

ပန်းဘဲတန်း ဇူလိုင်

ဇူလိုင်လ (၁၉)ရက်​နေ့တွင်  ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​​နေ့   အထိမ်းအမှတ် (အကြို) အသိပညာ​ပေး Talk Show ​ကို      ယ​နေ့  နံနက် (၁၀:၃၀) နာရီအချိန်က   ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊    ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာ​ပေး  Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပန်းဘဲတန်း   မြို့နယ်ဦးစီးအရာရှိဒေါ်ကြည်ကြည်နွဲ့နှင့် မြန်မာနိုင်ငံစာ​ရေး ဆရာ  အသင်းအဖွဲ့ဝင်   စာ​ရေးဆရာမ တင်ထက်ထက်​​ဇော်(​ပေါက်​ပေါက်) တို့က      အာဇာနည်​၏ အဓိပ္ပါယ်၊ အာဇာနည်၏ စိတ်ဓါတ်အ​ကြောင်း၊   ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်​​နေ့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်သူ့အစည်းအ​ဝေး၌ ဗိုလ်ချုပ်ပြောကြားခဲ့သည့်   မိန့်ခွန်းထဲမှ အကြောင်းအရာများနှင့် ဗိုလ်ချုပ်လမ်းစဉ်အ​ကြောင်း၊ ကမ္ဘာတည်သ​ရွေ့ အာဇာနည့်​နေ့ဆိုတာ ရှိ​နေမှာဖြစ်ပါ​ကြောင်း၊    ယ​နေ့ လူငယ်​​တွေက ဗိုလ်ချုပ်ကို တကယ်ချစ်ရင် အသက်​ပေးရယူခဲ့တဲ့ လွတ်လပ်​ရေးရဲ့ တန်ဖိုးရှိပုံကို နားလည်ပြီး ထိန်းသိမ်းကြရမှာ တာဝန်ဖြစ်ပါ​ကြောင်း၊ ဒီမိုက​ရေစီရဲ့  အနက်အဓိပ္ပါယ်ကို ကောင်းစွာနားလည် သ​ဘော​ပေါက်ဖို့လည်းလိုပါ​ကြောင်း၊  လွတ်လပ်တဲ့မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ ကာကွယ်​စောင့်​ရှောက်ရမှာ လူငယ်လူရွယ်များရဲ့ တာဝန်ဖြစ်ပါ​ကြောင်း ဆွေး​နွေးခဲ့​သည်။ အာဇာနည်​​နေ့ အထိမ်းအမှတ် Talk Show ကို   ပန်းဘဲတန်း မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့်     ထုတ်လွှင်တင်ဆက်​ပေးသွားမည်ဖြစ်ပြီး   ပန်းဘဲတန်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများအသိပညာ ဗဟုသုတရရှိ​စေ​ရေးအတွက် Talk Show  အစီအစဉ်များကို   ဆက်လက်​ဆောင်ရွက်​ ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)