ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 01,2022
ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့ရှိ ကျေးရွာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် အဆိုပါဒေသများတွင်နေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မြိုင်ကြီးငူအထူးဒေသနှင့်ကမမောင်းမြို့ရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုးများနေအိမ်တို့တွင် ယာယီတိမ်းရှောင်ရောက်ရှိနေထိုင်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။