သိန္နီမြို့တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေး

သိန္နီ ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သိန္နီမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် အသက်(၁၈)နှစ်နှင့်အထက်ရှိ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်မိုး​အောင်၏ ကြီးကြပ်မှု ဖြင့်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးတစ်လုံးလျှင် (၁၀)ဦးနှုန်းဖြင့် ထိုးနှံ ပေးခြင်းဖြစ်ပြီး ယမန်နေ့က လူဦးရေ(၃၀)ဦးအား ထိုးနှံပေးခဲ့သည်။ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံ ပြီးစီးနိုင်ရေးအတွက် သိန္နီမြို့သာသနာ့ဗိမာန်တော်ကြီးတွင် လည်းကောင်း၊ ဆေးထိုးစုရပ်များတွင် လည်းကောင်း၊ နယ်လှည့်စနစ်ဖြင့် လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

စောဥမ္မာ(သိန္နီ)