မြိတ်မြို့နယ် တောင်ဖီလာကျေးရွာတွင် တစ်ရက်လျှင် ရေသန့်(၅၀၀၀) လီတာကျော်ထွက်ရှိမည့် ရေသန့်စင်စနစ် ဆောင်ရွက်
Jul 08,2022
ကျေးလက်ဒေသများတွင် ရေမလုံလောက်မှုများ နွေရာသီ ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ကျေးရွာရှိရေ ရရှိနိုင်သော ရေအရင်းအမြစ် များမှ ရေပေးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့ နယ် ကဟန်းအုပ်စု တောင်ဖီလာကျေးရွာတွင် ကျေးရွာပြည်သူများအတွက် တစ်ရက်လျှင် ရေသန့်လီတာ(၅၀၀၀)ကျော်ထွက်ရှိမည့် ရေသန့်စင်စနစ်နှင့် ရေဂါလံ(၂၄၀၀) ဆံစင်မြင့်ရေစင်ကို တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။