နမ့်ဆန် ဇူလိုင် ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နေ့လည်(၁)နာရီ အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၁)ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၂)အကြားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမ များက အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား ကျောင်းသား/ကျောင်းသူများ အား(Sinopharm) အမျိုး အစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် စနစ်တကျ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)