ပင်လောင်း ဇူလိုင် ၈
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ အသက်(၁၂)အတွင်းရှိကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(၂) ဆေးထိုးစုရပ်ခန်းမ၌ အ.မ.က(၂)၊ အ.မ.က(၃)၊ အ.လ.က(ခွဲ) အရှေ့ရပ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Volunteer များမှစာရင်းမှတ်တမ်း ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး စနစ်တကျထိုးနှံပေး၍ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
ယမန်နေ့ကလည်း အ.ထ.က(ဆောင်းပြောင်း)၊ အ.ထ.က(ထီရယ်)၊ အ.လ.က(တောင်ခမောက်)၊ အ.မ.က(ညောင်ချဉ်)၊ အ.မ.က(လိန်းညား)စသည့် ဆေးထိုးစုရပ်များတွင် ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးအဖွဲ့ အသီးသီးကသွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)