သတင်းများ

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ
Jul 06,2022
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။
ဝါးခယ်မမြို့၊ မြသီတာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်း စစ်ဆေး
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မြသီတာဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များတွင် စားသုံးဆီနှင့် ကုန်ပစ္စည်းများ‌ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ယှဉ်ပြိုင်
Jul 06,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ၂၁ရက်မှစ၍ မြို့မအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေ၃နာရီခွဲအချိန်က ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြ ကြောင်း သိရသည်။
ပုံပါကျင်မြို့၊ အမှတ်(၁၀၀၇) နယ်ခြား‌စောင့်တပ်၊ အခြေခံပညာမူလတန်း‌ကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုံပါကျင်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက် စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှိလာစေရန်၊
ရွှေပြည်သာမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံ
Jul 06,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေး
Jul 06,2022
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်သာသနာ့ ဗိမာန်တော်ကြီးနှင့် ကျေးရွာစုရပ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
တပ်ကုန်းမြို့၌  ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရားနီကျောင်းတိုက်၊ ဘဒ္ဒန္တပညာသီရီ (တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်)ဦးစီးပြီး၊ ရွှေထီးတော်အလှူရှင် ခမရ(၁၀၉)နေ ဦးဝင်းအောင်+ဒေါ်မြမြအေး မိသားစုများနှင့် စေတနာရှင်များစုပေါင်း၍ ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်၊ ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပခဲ့သည်။