မင်းလှမြို့နယ် မင်းတဲကြီးကျေးရွာတွင် သံပုံးစွပ်အေဝမ်း မီးဖို အလုံး ၁၃၇ လုံး အခမဲ့ဖြန့်ဝေ
Jul 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာအဖြစ် တည်ထောင်မည့်မင်းတဲကြီးကျေးရွာ၌ ထင်းအစား အခြားလောင်စာသုံးစွဲနိုင် ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ တွင်သံပုံးစွပ် အေဝမ်းမီးဖို အလုံး ၁၃၇ လုံးကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။