ထိုင်ဝမ်ရုံးပတီသီး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေ

 

ပုသိမ် ဇူလိူင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၉ နယ်မြေ စက်ကုန်းကျေးရွာ၌ ထိုင်ဝမ်ရုံးပတီသီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေလျက်ရှိကြောင်း ထိုင်ဝမ်ရုံးပတီသီး စိုက်ပျိုးသူ ဦးသန်းလှိုင်ထံမှ သိရှိရသည်။

ယခင်က ရိုးရိုးမြန်မာရုံးပတီသီးတွေဘဲ စိုက်ပျိုးပါတယ်။ ယခု ထိုင်ဝမ်ရုံးပတီသီးကို ပြောင်းပြီး စိုက်ပျိုးတယ်၊ အသီးလဲလှတယ်၊ ဝယ်သူလဲကြိုက်တယ်၊ စိုက်ပျိုးသူလည်း အဆင်ပြေတယ်ဟု စိုက်ပျိုးသူက ပြောကြားခဲ့သည်။ ထိုင်ဝမ်ရုံးပတီသီး မစိုက်ပျိုးခင် စိုက်ဘောင်များ စတင်ဖော်ရတယ်၊ စိုက်ဘောင်အတွင်း ကြက်ချေးဆန်စက်မှရရှိတဲ့ ဖွဲမှုံတွေရော၍ မြေခံထည့်ထားပြီး မျိုးစေ့ကိုတော့ အစေ့ချစနစ်နဲ့ တစ်ပင်နဲ့တစ်ပင် တစ်တောင်ခြား စိုက်ပျိုးကြောင်း၊ မိုးရာသီမှာ စိုက်ပျိုးတာဖြစ်လို့ ရေလောင်းရတာ သက်သာတဲ့အတွက် စက်မောင်းဆီမသုံးရတော့ အကျိုးအမြတ်ပိုတာနဲ့ ဆေးဖိုးအတွက် အထောက်အကူရကြောင်း စိုက်ပျိုးသူ ဦးသန်းလှိုင်က ပြောသည်။ ထိုင်ဝမ်ရုံးပတီသီးစိုက်ခင်းမှ အသီးများကို ၃ ရက်တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးလျှင် ရုံပတီသီးတောင့် ၂၀၀၀ ကျော်ရရှိပြီး ရုံးပတီသီးတစ်တောင့်ကို ၁၀ ကျပ်ရရှိပြီး ရုံးပတီသီးရှားတဲ့အချိန်ဆိုလျှင် တစ်တောင့်ကို ၁၂ ကျပ် ရောင်းချရကြောင်း သိရသည်။ စျေးကွက်မှာ အခြားအရပ်ဒေသများမှ လာရောက်ရောင်းချခြင်းများ ရှိနေတာကြောင့် ရုံးပတီသီးစျေးနှုန်း အတိအကျမရှိကြောင်းလည်း သိရသည်။ ရုံးပတီသီးစိုက်ပျိုး၍ တစ်ရာသီလျှင် ငွေကျပ်လေးငါးသိန်းဝန်းကျင်ခန့် စုဆောင်းမိ၍ မိသားစုများ အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

မြင့်ဟန်