ကမာရွတ်မြို့နယ်တွင် ​ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့တွင်းသာယာလှပစေရေးအတွက် အမှိုက်များကိုသန့်ရှင်း​ရေးဆောင်ရွက်

ကမာရွတ် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အမှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန်လမ်းအတွင်း လမ်းအမှိုက်များရှင်းလင်းခြင်း၊ တက္ကသိုလ်ရိပ်သာလမ်း(ပြည်လမ်းနှင့်အင်ယားလမ်း)ရှိ ပလက်​ဖောင်းများကို​ ရေဆေးသန့်ရှင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရေးတို့အတွက်  မြို့နယ်စည်ပင်သာယာရေးကော်မတီကဦးဆောင်၍ စုပေါင်းသန့်ရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်အတွင်းရှိအမှတ်(၂)ရပ်ကွက်၊ အင်းစိန်လမ်းမကြီးရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းခြင်း၊ မှတ်တိုင်များကိုသန်ရှင်းဆေး​ကြောခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ထို့သို့ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ပြည်သူများမိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါများနှင့် ခြင်မှတစ်ဆင့်ကူးစက်တက်သော ရောဂါအန္တရာယ်များမှ ကင်းဝေစေရေး၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက် ရေဆိုးရေမြောင်းများဆယ်ယူခြင်း အစရှိသည့်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့ (ပြန်/ဆက်)