မြဝတီမြို့တွင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဒုတိယဆုရ အားကစားသမားများအားကြိုဆို ဂုဏ်ပြု 

မြဝတီ     ဇူလိုင် ၁၆

ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့တွင် ၂၀၂၆ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဒုတိယဆုရရှိခဲ့သည့် မြဝတီမြို့နယ်ကိုယ်စားပြုအောင်ပွဲရ အားကစားသမား များအား  ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီက ကျင်းပသည်။

အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲလင်းမောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဘောလုံးအသင်းအုပ်ချုပ်သူ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဌေးအောင်က ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သည့် မြဝတီမြို့နယ်ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းကိုယ်စား အားကစားသမား တစ်ဦးက အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)