ကျောက်ဆည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားအုန်းဆီဝယ်ယူရာ၌ အခက်အခဲမရှိစေရေး စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်ပေးခဲ့ပြီး စားအုန်းဆီများကို အပတ်စဉ်စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင် စာအုပ်တစ်အုပ်လျှင် ဆီ ၂ ပိဿာနှုန်းဖြင့် စားအုန်းဆီ ၇၈၂ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ရည်ညွှန်းရောင်းဈေး စားအုန်းဆီ ၁ ပိဿာ ငွေ ၇၂၅၅ ကျပ်ဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီဆိုင်များဖြစ်သည့် ဦးတင်လင်းအောင်(အမေထွား) ဆီအရောင်းဆိုင်မှ ဒွေးလှကျေးရွာပြည်သူများအား စားအုန်းဆီ ပိဿာ ၁၁၀၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်) ဆီအရောင်းဆိုင်မှ တုံလုံကျေးရွာ ပြည်သူများအား စားအုန်းဆီ ပိဿာ ၁၁၀၊ ဒေါ်စန်းစန်းဌေး (နေလသုခ-၂ ) ဆီအရောင်းဆိုင်မှ ဆူးလေကုန်းကျေးရွာ ပြည်သူများအား စားအုန်းဆီ ပိဿာ ၃၃၀၊ ဒေါ်သဇင်အောင်(နေလသုခ)ဆီအရောင်းဆိုင်မှ ကျီးအိပ်ကျေးရွာ ပြည်သူများအား စားအုန်းဆီ ၂၃၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
စုစုအေး (ကျောက်ဆည်)