ဒဂုံမြောက် ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ဝင်ငွေကြေညာလွှာတင်သွင်းခြင်းနှင့် အခွန်ပြေစာအမှတ်တံဆိပ်အကြောင်းသိကောင်းစရာများအပေါ် ရှင်းလင်းဆွေးနွေးပွဲအား ယမန်နေ့နေ့လယ်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အခွန်ဦးစီးမှူးဒေါ်သီသီခိုင်နှင့် မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြု အဖွဲ့ဝင်များ၊ အခွန်ထမ်းပြည်သူများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခွန်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ