မဟာအောင်မြေမြို့နယ် အမှတ် (၂) အ.ထ.ကခွဲကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မဟာအောင်မြေ ဇူလိုင် ၁၆

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၂) အ.ထ.ကခွဲကျောင်း၌ ယနေ့နံနက်ပိုင်းက အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ကျင်းပသည်။

‎‎ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး‌ဦးစီးဌာန ဦးစီးအရာ ဒေါ်ခင်နှင်းဆီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ နိုင်ငံ့အပေါ် ကြိုးစားပေးခဲ့ပုံ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့်နိုင်ငံ့အပေါ် စွမ်းစွမ်းတမံဉာဏစွမ်းအား၊ ကိုယ်ကာယစွမ်းအားတို့ဖြင့် ဆောင်ရွက်တတ်စေရန် ဗဟုသုတ တိုးပွားစေရန်၊ တွေးခေါ်မြော်မြင်မှုစွမ်းအားများ မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် မိမိနိုင်ငံတိုးတက်စေလိုသော စိတ်ဓာတ်များရှိလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် လာရောက်ဟောပြေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

‎‎ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက ပညာ၏တန်ဖိုးကို ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားသောဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောခဲ့သည်။

‎‎ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အာဇာနည်နေ့ (သို့မဟုတ်) မမေ့နိုင်သောနေ့တစ်နေ့ နံရံကပ်စာစောင်များ သုတ၊ ရသစာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း