ရန်ကုန် ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် သရက်တောကျောင်းဝင်း ပရိယတ္တိအလယ်တိုက်ကျောင်း၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောသတ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော်ဘဒ္ဒန္တ သုခေဓိက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ကေသရထံမှ ဩဝါဒကထာခံယူကြသည်။
ထို့နောက် အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမှ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းပို့ချပြီး သင်တန်းကာလမှာ (၁၆-၇-၂၀၂၆) မှ (၁၈-၇-၂၀၂၆)ထိဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်