စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် မြန်မာအမျိုးသမီးများနေ့သိကောင်းစရာ Talk Show ကျင်းပ

စစ်ကိုင်း ဇူလိုင် ၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်က ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Talk Show ကျင်းပဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဆွေးနွေးပြောကြားပြီး စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်တစ်ဦးက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံနှင့် ခရိုင်အမျိုး သမီးရေးရာအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြညသူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ၊ ဗဟုတများရရှိစေရန် Talk Show များဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပပေးခြင်း၊ သုတ/ရသ စာအုပ်/စာစောင်များငှားရမ်းပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇော်မြင့်နိုင်