ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ

ရန်ကင်း ဇူလိုင် ၂

ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရ သည်။

ထို့နောက် စားသုံးသူပြည်သူတစ်ဦးဖြစ်သည့် ဦးမြင့်လွင်အား ယခုကဲ့သို့ ဆန်ကုန်သည်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးနေမှုအပေါ် သဘောထားအမြင်အား မေးမြန်းဖြစ်ခဲ့ရာ ကျွန်တော့်အနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်တော့ဘဲ အချိန်ကုန် စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်သည့်အတွက်  စီစဉ်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ထိုကဲ့သို့ ရောင်းချပေးမှုကို နှစ်ပတ် တစ်ကြိမ်လောက် လုပ်ဆောင်ပေးချင်ပါ ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဆန်ကုန်သည် ကြီးများအသင်း အကူအညီဖြင့် လိုက်လံရောင်းချပေးလျက်ရာ စျေးနှုန်း သက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရ ကျိုးနပ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း ဖြေရှင်းပေးရာရောက်သဖြင့် ကုသိုလ် များလည်းရရှိ၍ ကျေနပ်အားရမှုရှိပါကြောင်း ပြောကြားခဲ့သည်ကို သိရသည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိပါကြောင်း သတင်း ရရှိသည်။

အိရွှေစင် (ပြန်/ဆက်)