သတင်းများ

မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန် တပ်မဌာနချုပ်အမှတ်(၁၀၁၁)နည်းဗျူဟာ ကွပ်ကဲမှုအဖွဲ့မှနယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Jul 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန် တပ်မဌာန ချုပ် အမှတ် (၁၀၁၁) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့ မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင် ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနတွင် အသက်(၆)လမှ (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jul 02,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၆) လမှ(၁)နှစ်ခွဲ အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီး ဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အကြို အသိပညာပေး ( Talk Show ) ကျင်းပ
Jul 02,2022
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် အဖြစ် သမဝါယမအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk  Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ သည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်‌ ရေးလမ်းညွှန်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရေးအတွက်
ဂန့်ဂေါတွင် Booster Dose ထပ်ဆောင်းကာကွယ်ဆေး (တတိယ)အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jul 02,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် တတိယအကြိမ် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှစတင်ကာ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ပခုက္ကူတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပ
Jul 02,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း မော်လမြိုင် ဦးခန္တီဘုရား စောင်းတန်းလမ်း တစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jul 02,2022
မော်လမြိုင်မြို့ဦးခန္တီဘုရား စောင်တန်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ ပြုလုပ်
Jul 02,2022
ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊​ ဒေါပုံမြိုနယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိူင်(၃) ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို​သောအားဖြင့် အမျိုးသမီးများ​နေ့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယ​နေ့ နံနက်(၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။