မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို၍ ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်နေမှု လိုက်လံကြည့်ရှု

မိုင်းယောင်း ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။

ထို့နောက် မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့သည် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုကြရာ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးစိုင်းခမ်းဖြူနှင့် ဦးစိုင်းထွန်းတို့က ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပြန်လည် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း