မိုင်းခတ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မိုင်းခတ် ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လမ်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် ပိုးလောက်လမ်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်းလုပ်ငန်းများကို အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်သုံးရေတွင်းများ၊ အုတ်ရေကန်များ၊ ရေထည့်ကျောက်စည်များကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၂)ဦး‌ပေါင်ရှင်းမာန်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးအသင်းမှ အဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသည်။ 

အလားတူ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာများနှင့်    ရပ်ကွက် များတွင်လည်း အဆိုပါ   ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် ပိုးလောက် လမ်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်း လုပ်ငန်းများကို ဇူလိုင်လ ၂ ရက်နေ့မှစ၍  သတ်မှတ်နေ့များအလိုက် အုပ်စုများခွဲဝေသတ်မှတ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်