ဝေါမြို့နယ်၌ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်လုပ်လက်စား အိမ်ထောင်စုများအတွက် ဆန်ထောက်ပံ့လှူဒါန်းပွဲကျင်းပ

ဝေါ ဇူလိုင် ၂

၂၀၂၂ ခုနှစ်၊ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ချို့တဲ့သော လက်လုပ်လက်စားအိမ်ထောင်စုများအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ် သမဝါယမအသင်းများက စုပေါင်း၍ ဆန်ထောက်ပံ့လှူဒါန်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလွင်က နှစ်(၁၀၀) ပြည့်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ချို့တဲ့သော လက်လုပ်လက်စား အိမ်ထောင်စုများကို ဆန်ထောက်ပံ့လှူဒါန်းပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့ပေါ်(၅)ရ၆ ရပ်ကွက်အတွင်းရှိ ချို့တဲ့သော လက်လုပ်လက်စား အိမ်ထောင်စုများ အတွက် ဝေါမြို့နယ်သမဝါယမ အသင်းစုလီမိတက်နှင့် အခြေခံသမဝါယမအသင်းများမှ ဆန်(၂၀)အိတ်၊ ပြည်ဖြိုး အောင်ဈေးသမလီမိတက်မှ ဆန်(၅)အိတ်နှင့် စုမြတ်ရတနာငွေစု ငွေချေး ဈေးသမလီမိတက်မှ ဆန်(၁၀) အိတ် စုစုပေါင်းဆန်(၃၅)အိတ်အား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ် ရေးမှူးများထံသို့ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)