လက်ပံတန်း သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှတ်(၄၁/၂၀၂၂)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရပ်ကွက်ကျေးရွာအတွင်းနေ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရမှုမရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ ရပ်ရွာအခြေပြု လူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ လူကုန်ကူးမှုဖြစ်ပွားရခြင်းအကြောင်းအရင်း လူကုန်ကူးမှုဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းသို့ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ(၁၂၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ထိ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)