ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

ချမ်းမြသာစည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ တန်ဖိုးမျှအိမ်ယာ တိုက်-၁တွင် ယမန်နေ့ည (၈) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့်အတူ မီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ (၈) နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါတိုက်ခန်းတွင်နေထိုင်သူ ဒေါ်နုငယ်ထွေးမှ ဧည့်ခန်းအတွင်း ခြင်ဆေးခွေထွန်းထားချိန် ကလေးကျောင်းကြိုသွား‌ခဲ့ရာ ခြင်ဆေးခွေမီးမှတစ်ဆင့် ဧည့်ခန်းအတွင်းရှိ ဆိုဖာဆက်တီခုံအား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)