ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ဒုတိယအကြိမ် ထိုးနှံပေး

ဇီးကုန်း     ဩဂုတ်   ၃၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်  ဇီးကုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram) ကို ယနေ့နံနက် နာရီက ..က(ဇီးကုန်း)ကျောင်း၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၂)နှစ်မှ (၁၇)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၄၀၀) ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancophram)ကို ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနေရာ နှစ်ခုခွဲ၍ ထိုးနှံပေးခဲ့သည်။

တင့်ဆွေ(ပြန်ဆက်)