ဒဂုံတောင် သြဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ၊ မြို့နယ်ဒေသန္တရ တိုက်နယ်ဆေးခန်းများတွင် ထိုးနှံတိုက်ကျွေးပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို သက်ဆိုင်ရာ ဒေသန္တရ ဆေးခန်းများအလိုက် လစဉ်လဆန်းရက်များနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ထိုးနှံတိုက်ကျွေးလျှက် ရှိရာ ယနေ့နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၈) ရပ်ကွက် ဒေသန္တရဆေးခန်းတွင်ပုံမှန်ကာကွယ်ဆေးများဖြစ်သော အဆုတ်၊ တီဘီ၊ ဦးနှောက်အမြှေးရောင်ရော ဂါ၊ ငါးမျိုးစပ်ကာကွယ်ဆေး (BCG)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ မေးခိုင်ရောဂါ၊ ဝက် သက်၊ ဂျိုက်သိုးရောဂါနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါ၊ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ပေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းသန်းအေး (ဒဂုံတောင်)