လွိုင်လင် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၌ ၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက်၊ မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်က ပြိုင်ပွဲကျင်းပရေး ရန်ပုံငွေကျပ်နှစ်သိန်းကိုပေးအပ်ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်မှ လက်ခံရယူပါသည်။ ယင်းနောက်ဆုချီးမြှင့်ပွဲကိုကျင်းပရာ ကာလပေါ်(အဆင့်မြင့်)အဆိုပြိုင်ပွဲ ပထမဆုရရှိသူနှင့် ကာလပေါ်(ဝါသနာရှင်)အဆင့် ဒုတိယတန်းအဆိုပြိုင်ပွဲတွင် ပထမဆုရရရှိသူများအား လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်ကလည်းကောင်း၊ ကာလပေါ်(အခြေခံပညာ)အသက်(၁၀-၁၅)နှစ် အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်ကလည်းကောင်း၊ ကာလပေါ်(အခြေခံပညာ) အသက်(၁၅-၂၀)နှစ် အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများကို ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြင့်စိုးကလည်းကောင်း၊ တပင်တိုင်(အခြေခံပညာ)အသက်(၁၀-၁၅)နှစ် အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဝင် ဦးသိန်းထူးအောင်ကလည်းကောင်း၊ တပင်တိုင်(အခြေခံပညာ) အသက်(၁၅-၂၀)နှစ် အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဝင် ဦးခွန်ထွန်းမောင်ကလည်းကောင်း၊ ကဗျာလွတ်(အခြေခံပညာ) အသက်(၁၀-၁၅)နှစ် အကပြိုင်ပွဲတွင် ပထမဆုရရှိသည့်အဖွဲ့အား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး ဦးထက်မြက်အောင်ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ပေးအပ်ကာ အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်များမှ အဆိုပြိုင်ပွဲဝင် (၈)ဦး၊ တပင်တိုင်အကပြိုင်ပွဲဝင် (၇)ဦးနှင့် ကဗျာလွတ်အက ပြိုင်ပွဲဝင် (၁၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
လွိုင်လင်မိုး