သတင်းများ

မအူပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အသိပညာပေးလှုပ်ရှားမှုပြုလုပ်
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အသိပညာပေး လှုပ်ရှားမှုအား ယမန်နေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ၆လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်
Aug 31,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ၆လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် တက်ရောက်ကြသည်။
မြောင်းမြမြို့ အ.ထ.က(၅)ကျောင်း၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြောင်းမြမြို့ အ.ထ.က(၅)ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများသို့ စာရေးစားပွဲနှင့်ထိုင်ခုံများပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Aug 31,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အေးကိုမိသားစုကုမ္ပဏီမှ အခြေခံပညာကျောင်းများသို့ စာရေးစားပွဲနှင့် ထိုင်ခုံများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။
မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၃၀ ရက်‌နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) မြို့မ အခြေခံပညာအလယ်တန်းကျောင်း၌
မြောက်ဦးမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး Mobile Library စနစ်ဖြင့် စာဖတ်ပရိတ်သတ်များရှိရာသို့ စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 31,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန် ထမ်းများမှ ပြည်သူများအနေဖြင့် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန်၊ စာပေလေ့လာဖတ် ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရေးအတွက် စာဖတ်ချိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ပြီး စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းပြုလုပ်
Aug 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်  ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ခွေးတောက်ပြုတ်ကျေးရွာသို့ သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး အနန္တမေတ္တာ သောက်ရေကန်အား ဘက်စုံပြုပြင် နိုင်ရေးစစ်ဆေး
Aug 31,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် သောက်သုံးရေလို အပ်နေသော တောင်ဇင်းအုပ်စု၊ ခွေးတောက်ပြုတ်ကျေးရွာသို့ ယမန်နေ့နေ့ခင်း ၁ နာရီခွဲအချိန်က သောက်သုံးရေဂါလန် ၃၂၀၀ လှူဒါန်းပြီး ကျေးရွာ ၉ ရွာကျော်အသုံးပြုသည့် အနန္တမေတ္တာရေကန်တော်ကြီးအား ဘက်စုံပြုပြင်နိုင်ရေးကွင်းစစ်ဆေးခဲ့ကြောင်း သိရသည်။