တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အပ်ချုပ်စက်အခြေခံသင်တန်းဆင်းပွဲနှင့် အဆင့်မြင့်သင်တန်းဖွင့်ပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စု၊ သကြားဟင်းအိုးကျေးရွာတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်းက သင်တန်းသားများ၏ ကိုယ်စားသင်တန်းသူ(၂)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။

အခြေခံအပ်ချုပ်စက်သင်တန်းတွင် သကြားဟင်းအိုးကျေးရွာမှ သင်တန်းသူ(၂၀)ဦးတက်ရောက်ပြီး၊ ပြင်ပနည်းပြပညာရှင်များဖြင့် (ဇူလိုင်၂၇ရက်မှ ဩဂုတ်၃၀)ရက်ထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို သင်တန်းကာလ(၁)လကြာ၊ ဆက်လက်ဖွင့်လှစ်၍ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိခိုင်က သင်တန်းအထောက်အကူပြုပစ္စည်းများအား သင်တန်းနည်းပြ(၂)ဦးထံပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်