လိပ်သို သြဂုတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ လိပ်သို အ.ထ.က စာသင်ကျောင်းနှင့် မြို့ပေါ်/ရပ်ကွက်များတွင် လူထုပါ၀င်မှုဖြင့် လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး ၊ သွင်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းကစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၀န်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့၀င်များက သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့ပေါ်/ရပ်ကွက်ရှိနေအိမ်များ၊ စာသင်ကျောင်း အတွင်းအဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ရှင်းလင်းခြင်း၊ စာသင်ခန်းများနှင့် ကျောင်း၀န်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့ စသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွင်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)