ပင်းတယမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာန ဝန်ထမ်းများမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ပင်းတယ ဩဂုတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတမျာတိုးပွားလာစေရေးအတွက် မိုဘိုင်းစနစ်ဖြင့် အမက(၂)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက စာအုပ်၊ စာစောင်များအား လက်ဝယ်အရောက် ငှားရမ်းပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများကို စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကိုအကျိုးရှိ‌စွာ  အအသုံးချတတ်စေရန် စသည်တို့ကို ပြောကြားပေးသည်။

ထို့နောက် ကျောင်းသား/သူများအား သုတ၊ ရသစာအုပ်၊ စာစောင်များအား ငှားရမ်းပေး​ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)အနေဖြင့် အလုပ်တာဝန်များ​ကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များမငှားရမ်းနိုင်သည့် ဝန်ထမ်းများအားမိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည် အခမဲ့ငှားရမ်းပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)