ပြည်မြို့နယ် ဝက်ထီးကန်အုပ်စုကွက်သစ် (၂)ရပ်ကွက် ရေဘေးရှောင်မိသားစုများအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်အုပ်စု ကွက်သစ်(၂)ရပ်ကွက်၌ ဩဂုတ် ၂၇ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းများအတွင်း ရေဝင်များကာ ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် ရပ်ကွက် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု(၂၂)စုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးတို့အတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။