ကျွန်းစုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာသိကောင်းစရာ (Talk Show) ဆောင်ရွက်

ကျွန်းစု ဩဂုတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာအသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီနွဲ့က ကလေးသူငယ်ဆိုတာ အသက်(၁၈)နှစ် မပြည့်သေးသူဖြစ်ကြောင်း၊ ကလေးသူငယ်၏ဥပဒေကို ၂၃-၇-၂၀၁၉ တွင် ပြဌာန်းခဲ့ပြီး ကလေးသူငယ်ရဲ့အခြေခံမူများအကြောင်း၊ အခွင့်အရေးများအကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်ပြီး ဥပဒေများ၊ စည်းကမ်းကျင့်ဝတ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုးစိုးသွယ် (ပြန်/ဆက်)