သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တို့၌ ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆွေးနွေးပွဲကျင်းပ
Aug 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်) ပြိုင်ပွဲ တတိယနေ့ဆက်လက်ကျင်းပ
Aug 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ တတိယနေ့အဖြစ် ယှဉ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၈နာရီမှစတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်း စင်တာ (MCC) ခန်းမရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။
မြောင်းမြမြို့တွင် ကွဲကွာပျောက်ဆုံးနေသော မိသားစုကို ရှာ​ဖွေစုံစမ်းနိုင်ရန် အသိပညာပေး ဆောင်ရွက်
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းဝင်းက ဦးဆောင်၍ သြဂုတ်လ(၃၀)ရက်နေ့တွင် ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day)တွင် ကွဲကွာပျောက်ဆုံးနေသော မိသားစုကို ရှာဖွေစုံစမ်းပြီး ပြန်လည်ဆက်သွယ်ပေးရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြုလုပ် သောအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည် ကုစားရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(၃၄၅၀)ဧကစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း
Aug 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါများတိုးချဲ့ပြီး (၃၄၅၀)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ကော့ကရိတ်မြို့၌ စာရေးသူ/စာဖတ်သူအကြိုက် အသိပညာပေး Talk Show ပြုလုပ်
Aug 30,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးသူ/စာဖတ်သူအကြိုက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။