အထက်မင်းလှ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းလှမြို့နယ်တွင် ဆက်သွယ်ရေးကွန်ယက်များချခင်းခြင်း၊ တာဝါတိုင်ဆောက်လုပ်ခြင်းနှင့် မြေပေါ်မြေအောက်ကေဘယ်လ် သွယ်တန်းခြင်းလုပ်ငန်းများအား ပုဂ္ဂလိကဆက်သွယ်ရေးကုမ္ပဏီများမှ မြေပြင်၌လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်တိကျစေရေးအတွက် မြို့နယ်အဆင့်ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအား ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ ကော်မတီတွင်ပါဝင်သည့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် မြို့နယ်အဆင့်ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်မှုကော်တီ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာကော်မတီဝင်များက ဆက်သွယ်ရေးကြီးကြပ်မှုကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)