ဂန့်ဂေါ ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ) မြောက်ကုန်းစာသင်ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ နံရံကပ်စာစောင်ပြသခြင်းနှင့် ကိုဗစ်အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ကျောင်းသား/သူများ စာပေများ လေ့လာ ဖတ်ရှုပြီး စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)