သတင်းများ

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ညနေ (၃)နာရီက ဆောင်ရွက်သည်။
အလုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Aug 30,2022
သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ၌ ပြုလုပ်ကြောင်း သိရသည်။
အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေး ဆက်လက်ထိုးနှံပေး
Aug 30,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေးရာနှုန်းပြည့်ထိုးနှံရေးအတွက်  ဦးတည်အုပ်စုများအလိုက် ထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့တွင် အလုံမြို့နယ်ခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးနှံသူ(၁၉)ဦး၊ ပထမအကြိမ်ထိုးနှံသူ(၁၀)ဦး စုစု​ပေါင်း(၂၉)ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 30,2022
တံတားဦးခရိုင် တည်ဆောက်ရေးလုပ်ငန်းများကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Aug 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆက်သွယ်‌ရေး (စာတိုက်) ရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်
Aug 30,2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းခြင်း ဒေသအတွင်းရှိ မြစ်ချောင်းများရေကြီးရေလျှံမှုဖြစ်ပေါ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအနေဖြင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၃)ခုသို့ ယာယီပြောင်း‌ရွေ့နေထိုင်ခဲ့ရကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့