ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
Aug 30,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ) မြောက်ကုန်းစာသင်ကျောင်းသို့ ကွင်းဆင်းသွားရောက်၍ နံရံကပ်စာစောင်ပြသခြင်းနှင့် ကိုဗစ်အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။