မိုင်းတုံမြို့နယ် ဝမ်နား​ကျေးရွာ၌  မျိုး​ကောင်းမျိုးသန့်ဒေသဆိတ်များကို ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ပေးအပ်ပွဲကျင်းပ

မိုင်းတုံ သြဂုတ်  ၃၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းတုံမြို့နယ် ဝမ်နားကျေးရွာ၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံ​ငွေဖြင့် မျိုး​ကောင်းမျိုးသန့် ဒေသဆိတ်များ ​မွေးမြူ​ရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူး​ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝမ်နား​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက မျိုးကောင်းမျိုးသန့် ဒေသဆိပ် ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆိတ်​မွေးမြူ​ရေးနည်းစနစ်အ​ကြောင်း သိ​ကောင်းစရာများ၊ မျိုး​ကောင်းမျိုးသန့်တိရစ္ဆာန်များ မွေးမြူခြင်းဖြင့်ရရှိလာမည့် အကျိုး​ကျေးဇူး များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက မျိုးကောင်း မျိုးသန့်ဆိပ်ဖြန့်ဖြူးပေးရခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးက ထပ်ဆင့်အမှာစကား​များကို​ပြောကြားခဲ့ပြီး  ခရိုင်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က ​ကျေးရွာ​နေပြည်သူများထံ​ဒေသဆိတ် လက်ခံရရှိမှုမှတ်တမ်းများနှင့် အိမ်​ထောင်စုတစ်စုလျှင် ဆိတ်အထီး (၁​)​ကောင်၊ အမ(၁၀)​ကောင် ​​စုစု​ပေါင်း အိမ်​ထောင်စု (၅)စုအတွက် ဆိတ်ထီး (၅​) ကောင်၊ ဆိတ်မ(၅၀)​ကောင်ကို ​ လွှဲ​ပြောင်း​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)