သတင်းများ

ဘိုကလေးမြို့နယ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Aug 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချသည့် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များသို့ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဘီးလင်း​မြို့ အ.ထ.က(ကန်သာယာ)​ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 30,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အ.ထ.က (ကန်သာယာ) ကျောင်း၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ​ပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ၂ နာရီက အဆိုပါကျောင်း  မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့ရှိ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေး
Aug 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးကြသည်။
တံတားဦးမြို့နယ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Aug 30,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြို့ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝနရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူ များတွေ့ဆုံဆွေးပွဲကို ယနေ့နံနက် (၉)နာရီက တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာအုပ်စု ဘလဲ့ဘကျေးရွာ သိမ်တော်ဘုရားဓမ္ဓာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ထမုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက်
Aug 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ဆဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ပြန်လည်ထုတ်ချေးခြင်းကို ထမုံကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ (၃၅၇ဒဿမ၅၇)ကျပ်သန်းဖြင့် လမ်းခင်းခြင်းလုပ်ငန်း ငါးခုဆောင်ရွက်
Aug 30,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း  မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ
ပန်လုံမြို့၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 30,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပန်လုံမြို့၊တိုက်နယ်ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၂)ကြိမ်မြာက် အစည်းအဝေး တက်ရောက်
Aug 30,2022
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏(၇/၂၀၂၂)ကြိမ် မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။