Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသောပြည်သူ (၄၇၃၃)ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးပြီးဖြစ်
Aug 30,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး(Covaxin) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပညာရေးဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ
Aug 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင့်ခဲ့ကြသော ပညာရေးဝန်ထမ်းများ၏ သား/သမီး များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက အ.ထ.က ပန်းတောင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေမှ ဂုဏ်ပြုဆုများပေးအပ်ပြီး အခမ်းအနားပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ နေကြာ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း
Aug 30,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် (ဆီထွက်သီးနှံနေကြာ) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့ စည်းခြင်းကို ယမန်နေ့က ရွာလယ်ဘုန်း ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီး
Aug 30,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ အဆင်ပြေစေရန်နှင့် သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၁ ဒသမ ၈၄ မိုင် အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရန်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 30,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်လုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်မကျန်ရှိရေး ဆက်လက်ထိုးနှံပေး
Aug 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရန်အတွက် ပြည်သူများအား ကာကွယ်ဆေးထိုးရန် မကျန်ရှိရေး ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် ကျောက်တံခါးရေလှောင်တမံဆည်ရေဖြင့် RS-CS မျိုးစေ့ထုတ် စပါးစိုက်ကွက်များ ကွင်းဆင်းဆောင်ရွက်
Aug 30,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တံခါး ရေလှောင်တမံ ဆည်ရေသောက် ဧရိယာအတွင်းတွင် စိုက်ပျိုးထားရှိသည့် RS-CS မျိုးစေ့ထုတ်စပါးစိုက်ကွက်များကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကျန်းမာရေး ဆရာ/မ များမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16907
Page
16908
Page
16909
Page
16910
Current page
16911
Page
16912
Page
16913
Page
16914
Page
16915
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department