ညောင်တုန်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူငယ်နှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးစိုးကြည်နှင့် အဖွဲ့ဝင် ဦးမြင့်ဟန်တို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ရခြင်း အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်နှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွား ပါက လူငယ်များပါဝင်ဆောင်ရွက်ရမည့် အချက်များစသည့် အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)