စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆွေးနွေးပွဲကျင်းပ

တိုက်ကြီး ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုက်ကြီးခရိုင်စည်းရုံးရေးကော်မတီက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်လှလှခက်က အမှာစကားပြောကြားပါသည်။ ဆက်လက်၍  မိုးဦးကျကာလမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့မကျန်းမာရေးမှူး ဦးမြင့်ထွေးက ဆွေးနွေးသည်။ ထို့နောက် “ဉာဏ်ရည်မြင့်မားတိုးတက်ဖို့ စာပေဖတ်မှတ်လေ့လာစို့လူမှုကွန်ယက်အသုံးပြု၍ သတင်းအချက်အလက်ပေါက်ကြားမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးအင်တာနက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ခြင်း” ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၀ ဦး  တက်ရောက်ခဲ့ကြပြီး စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆွေးနွေးပွဲများကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ ဆက်)